Berumar’s Weblog

ဘီရုမာသို့ဝင်ရောက်ကြည့်သူများကိုကျေးဇူးတင်ပါတယ်

ဆောင်းပါး

အဝေးေ၇ာက်ယောက်ျားများ၏အကြောက်တရား

၂၀၀၈ ၊ အောက်တိုဘာ ၊ ၃ ရက်

ဘာတဲ့ …..တနေ့ က ရန်ကုန်မှာဖြစ်သွားတဲ့ အဖြစ်အပျက်လေး၊မြန်မာအမျိုးသမီး အယောက် ၃၀ လောက်၇န်ကုန်မြို့တော်အလယ်
တဝိုက်ဆူးလေဘုရားမှာဆန္ဒပြခဲ့ ကြပါတယ်။ ဒါဟာ စက်တင်ဘာအေ၇းအခင်းပြီးနောက်ပိုင်းမှာနအဖတွေကို ပြန်လည်ခြိမ်းခြောက်
လိုက်တာလဲဖြစ်ပါတယ်။ သူတို့ ဟာ ဆုးလေကနေပြီးတော့  ဗိုလ်တထောင်ဘုရားကိုချီတက်ပြီး ဆုတောင်းမေတ္တာပို့ ခဲ့ ကြတယ် လို့ 
ဆိုပါတယ်။အော်…ကျမတို့ မိန်းမတွေတယ်လဲ သတ္တိရှိကြပါလားလို့  တွေးမိတာနဲ့ အမျှ၊အဲဒီသတ္တိမျိုး ယောက်ျားတော်တော်များများ
မှာရှိရင်ကောင်းမှာဘဲလို့ တွေးမိပြန်ပါတယ်။
အထူးသဖြင့် နိုင်ငံရပ်ခြားတိုင်းတပါး အဝေးရောက်နေတဲ့ ယောက်ျားအများစုကိုပြောချင်တာပါ။ မနီလာ၊စုစုနွေး၊မမီးမီး တို့ အဖမ်းခံ
နေရပြီ၊ဖြူဖြူသင်းတို့ ထွက်ပြေးနေရပြီ၊တခြားနံမယ်မသိသောမိန်းမပေါင်းများစွာထောင်ထဲမှာ၊တောထဲမှာတန်းစီနေလို့ ပါလား။အခု
ုနောက်ဆုံးချီတက်ဆန္ဒပြတာယောက်ျားတွေ မပါဘဲ မိန်းမတွေချည်းဘဲဘာလို့ ဖြစ်နေရတာလဲ?ယောက်ျားတွေဘယ်ရောက်ကုန်ကြ
လဲ? မသိလို့ ပါ။  ယောက်ျားပီပီ ကြောက်များကြောက်နေကြသလားလို့ ၊တွေးလို့ ရ၊သိလို့ ရသမျှတော့ နအဖ ခေါင်းဆောင်ကြီးတေ
ွကိုယ်တိုင်က ယောက်ျားကြီးလုံးလုံး ဖြစ်ရက်နဲ့ မိန်းမ တယောက်ဖြစ်တဲ့ ဒေါ်စု တယောက်ကိုတောင် ခုထိလက်ခံ မတွေ့ ဆုံ၇ဲတာဟာ
ကြောက် လို့  မဟုတ်ရင်၊ ရင်မဆိုင်ရဲတာပေါ့ ။
အထူးသဖြင့် နိုင်ငံရပ်ခြားတိုင်းတပါး အဝေးရောက်နေတဲ့ ယောက်ျားအများစုကိုပြောချင်တာပါ။ မနီလာ၊စုစုနွေး၊မမီးမီး တို့ အဖမ်းခံ
နေရပြီ၊ဖြူဖြူသင်းတို့ ထွက်ပြေးနေရပြီ၊တခြားနံမယ်မသိသောမိန်းမပေါင်းများစွာထောင်ထဲမှာ၊တောထဲမှာတန်းစီနေလို့ ပါလား။အခု
ုနောက်ဆုံးချီတက်ဆန္ဒပြတာယောက်ျားတွေ မပါဘဲ မိန်းမတွေချည်းဘဲဘာလို့ ဖြစ်နေရတာလဲ?ယောက်ျားတွေဘယ်ရောက်ကုန်ကြ
လဲ? မသိလို့ ပါ။  ယောက်ျားပီပီ ကြောက်များကြောက်နေကြသလားလို့ ၊တွေးလို့ ရ၊သိလို့ ရသမျှတော့ နအဖ ခေါင်းဆောင်ကြီးတေ
ွကိုယ်တိုင်က ယောက်ျားကြီးလုံးလုံး ဖြစ်ရက်နဲ့ မိန်းမ တယောက်ဖြစ်တဲ့ ဒေါ်စု တယောက်ကိုတောင် ခုထိလက်ခံ မတွေ့ ဆုံ၇ဲတာဟာ
ကြောက် လို့  မဟုတ်ရင်၊ ရင်မဆိုင်ရဲတာပေါ့ ။
ကြောက်တာထက်ဆိုးတယ်၊ သိမ်ငယ်တာပါသွားပြီ။မဟုတ်တာတွေ လုပ်ထားတာ သိတ်များနေပြီဆိုတော့၊အင်း….တွေ့ ရဲမယ်မထင်။
ဒါကို ..အကောင်းဖက်လှည့် တွေးပေးဘို့ မကြံကြနဲ့ ။အချိန်ဆွဲနေတာလဲမဟုတ်ဘူး။ တွေ့ ဘို့ ကိုကြောက်နေကြတာ၊အဟား…ရီစရာ
ဘဲ။ကျန်တဲ့ နအဖ မဟုတ်တဲ့ လူတွေ(ယောက်ျားတွေ)ကရော ဘာထူးလဲ?အဝေးရောက်နေတဲ့ယောက်ျားတွေလေ၊ ပိုတောင်ဆိုးသေး
တယ်။လေ ဘဲပစ်နေကြတယ်။ဆင်ဘဲဖမ်းတော့ မလို၊ကျားဘဲ ဖမ်းတော့  မလို၊ တကထဲ ….ခုထိ သေနတ်က ပြောင်းတိုက်တုံး။ပြည်
တွင်းမှာတော့  ပြည်သူတွေ ငတ်ကုန်ကြပြီ။ရဟန်း သံဃာ။ကျောင်းသား၊ကျောင်းသူတွေ သေသူသေ၊အဖမ်းခံရသူ ခံရ၊ ပျောက်သူတွေ
ပျောက်ကျန်တဲ့ သူတွေ လဲ နိုင်ငံရေး ဆက်လုပ်ဘို့ ထက် ၊ထမင်းတနေ့  နပ်မှန်အောင် စားဘို့  ပြန်ရုန်းနေကြရပြီ။ဟေ့ …. အဝေးမှာ
ရောက်ရှိနေကြတဲ့  လူတွေ(အထူးသဖြင့်  ယောက်ျားတွေ)၊ ဘာလုပ်နေကြတာလဲ?တယောက် နဲ့ တယောက် လေနဲ့ ဘဲ ဝေဖန်ကြ ။
တိုက်ခိုက်ကြနဲ့ ၊။
ဒါတွေကို သိတဲ့  နအဖ သောက်ရူး (ဝမ်းတွင်းရူး၊အရူးပါး)တွေက ဟားတိုက်လို့ ရီနေတာ မကြားကြဘူးလား?မင်းတို အချင်းချင်းဘဲ
သင့် မြတ်အောင်လုပ်ကြပါဦး၊ ခုလို ၇န်ဖြစ်ပြီး လေ နဲ့ ထ,ထ တိုက်နေတာလောက်တော့ ရီတာပေါ့ …ရီတာပေါ့ နဲ့ ။ရှက်စရာကြီး….
ကရော်..ကရော်…၊ဒို့ ကတော့ .. စင်ပေါ်ကဘဲ တဲ့ ။ကျမတို့ပြည်တွင်းက ရှိစု မဲ့ စုအင်အားလေးနဲ့ လုပ်ဆောင်နေကြရရှာတဲ့  ၇ဟန်း
ရှင်လူ ၊ကျောင်းသား၊မိန်းမ ပြည်သူတွေအတွက် ဒီက လူတွေ မရှက်ကြဘူးလား? ပြည်တွင်းမှာက ငါတို့  ပြည်သူတွေ ခမျာသေနတ်
ပြောင်းတွေနဲ့ ချိန်ထားခံရတာနော်။ မဟုတ်လဲ  မိသားစုလိုက် ဖမ်းပြီ  ခြိမ်းခြောက်ခံရလိုခံ၇နဲ့ ၊ ဘယ်လိုမှ မလှုပ်သာဘူး။ရှင်တို့ ကို
ဒီမှာဘာသေနတ်ပြောင်းကထိုးချိန်ထားလို့ လဲ?တိုင်းပြည်တကယ်ချစ်စိတ်ရှိရင် အငြင်းမပွါးကြပါနဲ့ ၊ အချင်းမများကြပါနဲ့ ၊စဉ်းစားမ
နေကြပါနဲ့ ၊တကယ်လုပ်ရမှာကျတော့ ကြောက်ပြီး အရူးချီးပန်း သွေးရူးသွေးတန်းနဲ့ တယောက်အပေါ်တယောက် အပြစ်တွေတင်မ
နေကြပါနဲ့ ။ကိုယ်ဘာလုပ်နေတယ်? ၊ကိုယ်ဘာလုပ်သင့် တယ်?ဆိုတာ ကိုယ့် ကို ကိုယ် အသိဆုံး၊ပြည်ပမှာရောက်နေတာ အခွင့်အ
ရေးတွေ ငါတို့  ပြည်တွင်းကလူတွေထက်အများကြီးရှိနေတာပါ၊(ရသင့် ရထိုက်တာတွေလဲရပြီးကြပါပြီ၊တော်လဲတော်လောက်ပါပြီ)
တကယ်လုပ်ရတော့ မယ့် အချိန်ကျမှ ထမင်းရေပူလာ လျှာလွှဲ အကြောက်တရားတွေကြီးစိုးပြီး ကြောက်ကန်ကန်နေသလိုဖြစ်နေတဲ့ 
အပြုအမူတွေ၇ပ်တန်းက၇့ပ်ကြပါ။မဟုတ်ရင် ….ကျမတို့ ၊့မီးမီးတို့ ၊မနီလာတို့ ။ဖြူဖြူသင်းတို့ ၊စူစူနွေးတို့ ၊ အန္တ၇ာယ်ကြားကချီတက်
ဆန္ဒပြကြတဲ့ မိန်းမ တို့  နဲ့ ရှင်တို့  အဝေးရောက်ယောက်ျားတွေနဲ့ ဘဝပြောင်းကြမလား? နေရာလဲကြမလား`?ကြောက်နေကြရင်ပြော
ကြစမ်းပါ………….။

မေမြန်မာ……..၂၆.၁၁.၂၀၀၇

……………………………………………………………***………………………………………………………………………………………..

ဒီမိုကရေစီခရီးလမ်း

၂၀၀၈ ၊အောက်တိုဘာ ၊၎

တို့နိုင်ငံသည် ကျွန်နိုင်ငံ၊ တို့လူမျိုးသည် ကျွန်လူမျိုးအဖြစ် သမိုင်းတွင်အကြိမ်ကြိမ် နှစ်ပေါင်းရှည်ကြာ ဖြစ်ခဲ့ဖူး
ပြီ။ လက်နက်စွဲကိုင်ခြင်းမရှိသော ပြည်သူများအပေါ်လူစုဓားကိုင်ပြီးမင်းလုပ်ခဲ့ကြသော ရှေးပဒေသရာဇ်ဘုရင်
များ၊ သေနတ် လက်နက်စွဲကိုင်၍ ပြည်သူကို ကျွန်ပြုအုပ်ချုပ်ခဲ့သောအင်္ဂလိပ်သခင်ကြီးများ၊ ထို့နောက်အ
မြောက်၊ သေနတ်၊ လေယာဉ်အစုံအညီနှင့်ဝင်ရောက်သိမ်းပိုက်ခဲ့ကြသော နိပွန်ဂျပန်မာစတာများ၊ ထိုအာဏာ
ရှင်အားလုံး၏ တူညီသောအချက်မှာ ပြည်သူ၏ အလိုဆန္ဒမပါ၊ အာဏာကိုလက်နက်အားကိုးဖြင့်အနိုင်အထက်
ရယူကြပြီး အာဏာတည်မြဲရေးအတွက် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်ဖို့ဝန်မလေးကြခြင်းပင်။
အစွယ်ရှိသောသတ္တ၀ါက အစွယ်မဲ့သောသတ္တ၀ါအပေါ်၊ အချွန်အတက်ရှိသောသတ္တ၀ါကအချွန်အတက်မဲ့သော
သတ္တ၀ါအပေါ်၊ အားကြီးသောသတ္တ၀ါက အားနည်းသောသတ္တ၀ါအပေါ် ထင်သလိုပြုကျင့်ခွင့်၊ကြီးနိုင်ငယ်ညှဉ်း
ခွင့်သည် တောတွင်းတိရစ္ဆာန် ဥပဒေသာဖြစ်သည်။ လက်နက်ရှိသူကလက်နက်မဲ့သူအပေါ် ထင်သလိုအနိုင်ကျင့်
ဗိုလ်ကျတောင်းဆိုရန်မည်သည့် လူသားတွင်မှ အခွင့်အရေးမရှိ။ ထို့အတူ လူသားသည်လက်နက်ကင်းမဲ့ခြင်းအ
ကြောင်းကြောင့် တောတွင်း တိရစ္ဆာန်ဥပဒေကိုထိတ်လန့်ကျိုးနွံစွာ လိုက်နာရန် တာဝန်မရှိ။
လူတို့မွေးဖွားလာခြင်းငှာ အားကြီးသူပြုသမျှ ငုံ့ခံ၍ ကျွန်အဖြစ် အသက်ရှင်ကြရန်မဟုတ်။ လူသည် လွတ်လပ်
သောစိတ်ဓာတ် ကိန်းအောင်းမွေးမြူရန်၊ လွတ်လပ်သော နှုတ်စကား ပြောကြားနိုင်ရန်၊လွတ်လပ်သောအပြုအမူ
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မွေးဖွားလာခဲ့ကြခြင်းဖြစ်သည်။ ထိုအခွင့် အရေးတို့တားမြစ်ပိတ်ပင်ချုပ်ချယ်ခံရသည
့်အခါ ထိုအာဏာရှင်တို့ကို ငြင်းဆိုရန်၊ ခုခံရန်၊ ဆန့်ကျင်ရန်၊ တွန်းလှန်ရန် လူသားတွင်မွေးရာပါအခွင့်အရေး၊ရှောင်
လွဲခွင့်မရှိသောမွေးရာပါ တာဝန် ဖြစ်လာရပေသည်။
ထိုအခွင့်အရေးကို စွဲကိုင်၍ ထိုတာဝန်ကို ထမ်းဆောင်ရန် ၁၈၈၅ မှ ၁၉၄၂ အထိမြန်မာပြည်သားငါတို့အဘိုးအဘွား၊
အမိအဘတို့သည် တောင်သူလယ်သမားအရေးတော်ပုံ၊အလုပ်သမားသပိတ်၊ကျောင်းသားသပိတ်၊ဌာနပေါင်းစုံသ
ပိတ်၊လူ ထုတိုက်ပွဲမျိုးစုံဖြင့် လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြ သည်။အောင်မြင်ခြင်းမရှိသော အခါ ၁၉၄၂ တွင် ဂျပန
်လက်အောက်ခံ (BIA) စစ်တပ်ကြီးဖွဲ့ပြီးအင်္ဂလိပ် တို့ကို တိုက်ထုတ်သောပွဲတွင် ပါဝင်ခဲ့ကြသည်။ ရလဒ်အဖြစ် ဂျပန်
ကျွန်ဖြစ်ရပြန်သည်။ ၁၉၄၅ တွင်ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြပြန်သည်။ ရလဒ်အဖြစ်
အင်္ဂလိပ်ကျွန် ဖြစ်ကြရပြန်သည်။
၁၉၄၅ မေလမှ ၁၉၄၈ ကြား လက်နက်ကိုင်တော်လှန်ရေးမရှိတော့။ လွတ်လပ်ရေးကိုသေနတ်ကိုင် တိုက်ရုံ သက်
သက်ဖြင့် မရခဲ့။ သို့သော် လွတ်လပ်ရေးအတွက် အသက်ပေးရန်အသင့်ရှိနေသောနိုင်ငံရေးဦးဆောင်သူများ၊ လက်
နက်ကိုင်တိုက်ပွဲ ထပ်မံဆင်နွှဲရန် အသင့်ရှိနေသော တော်လှန်ရေး သမားများ၊လွတ်လပ်ရေးအတွက် မည်သည့်စွန့်
လွှတ်မှုကိုမဆို စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသော ပြည်သူတရပ်လုံး၏ အားကိုအင်္ဂလိပ်တို့ မလွန်ဆန်နိုင်တော့ပေ။
ပြည်သူတို့၏ “နေသူရိန်” ညီလာခံ နိုင်ငံရေး ဆုံးဖြတ်ချက်အောက်တွင် ဂန္ဒီစာချုပ်၊အောင်ဆန်းအက်တလီစာချုပ်၊
လက်ျာဖရီးမင်း စာချုပ်၊ ပင်လုံစာချုပ်၊ နုအက်တလီစာချုပ်များဖြင့် ဆွေးနွေးပွဲအကြိမ်ကြိမ်ထိုင် စာချုပ်အဆင့်ဆင့်
ချုပ်ဆိုပြီးလွတ်လပ်ရေး အရယူခဲ့ကြသည်။
၁၉၄၈ ဇန်န၀ါရီ (၄) ရက်။ ဤနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ ဤလူမျိုးသည် လွတ်လပ်သောလူမျိုးများဖြစ်ကြောင်း
ကမ္ဘာသို့ ကြေညာခဲ့ကြသည်။ လွတ်လပ် ရေးကြေညာစာတမ်း အပိုဒ် (၅) တွင် ဤသို့ဖော်ပြခဲ့ကြသည်။
အပိုဒ် (၅)။ ။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက်၊ တဖွဲ့တသင်း၏အမွေအနှစ် မဟုတ်။ မည်သူတဦး
တယောက်၊ တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူတဦး တယောက်၊ တဖွဲ့တသင်းကချုပ်ကိုင်အနိုင်
သိမ်းယူ၊ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ —လူ အပေါင်းတို့ သဘောဆန္ဒအရ လူအ၀ှမ်း၏အကျိုးကို ကောင်းစွာ
ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသောမဖောက်မပြန်၊ မစွန်းမငြိ—— လူ
အပေါင်းတို့ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသောမြတ်သောအဖြစ်ကို ငါတို့ လက်ဆုပ်
လက်ကိုင် ငါတို့ အပိုင်ရပြီ။—-ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန်ကြားသိစေသတည်း။လွတ်လပ
်သောနိုင်ငံတခုသက်တမ်းတွင် တကြိမ်သာ ဖော်ပြခွင့်ရှိသောပြောင်းလဲပြင်ဆင်ခွင့်မရှိတော့သည့် အပြီးသတ်ဆုံးဖြတ်ချက
် ကြေညာစာတမ်းဖြစ်သည်။
ကမ္ဘာစစ် ပြာပုံဘ၀မှ ငါတို့ရုန်းထခဲ့ကြသည်။ အနှောင့်အယှက်၊ အဖျက်အဆီးမျိုးစုံကြားမှပင် လွတ်လပ်ရေးသစ်ပင် ရှင်
သန်ကြီးထွားလာခဲ့သည်။ ၁၉၆၀ ၀န်းကျင် ရောက်သောအခါတွင်မူ ထို လွတ် လပ်ရေးသစ်ပင်၌အသီးအပွင့်များ စတင်
မြင် တွေ့ခဲ့ကြရပြီ။ ထိုအချိန်က ငါတို့နိုင်ငံသည်—-
-ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဒီမိုကရေစီနိုင်ငံတော်
-ပြည်သူက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်အစိုးရ
-နိုင်ငံရေးအားဖြင့် ကမ္ဘာ့ဘက်မလိုက်နိုင်ငံများအဖွဲ့၏ ဦးဆောင်နိုင်ငံ။
-ကမ္ဘာ့နိုင်ငံအသီးသီးမှ အကြီးအကဲတို့ လာရောက် လည်ပတ်နေရသော နိုင်ငံ။
-စီးပွားရေးအားဖြင့် ဘဏ်တိုက်တွင် ရွှေအပြည့်၊ ငွေအပြည့်ဖြင့် အာရှ၏ချမ်းသာကြွယ်ဝသောနိုင်ငံတခု။
-စိုက်ပျိုးရေးအားဖြင့် ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့သောနိုင်ငံ။
-အရှေ့တောင်အာရှ၏ အစောဆုံးသော နိုင်ငံတကာလေယာဉ်ကွင်းနှင့်နိုင်ငံတကာလေကြောင်းလိုင်း။
-စက်မှုလက်မှုထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့စပြုနေသောနိုင်ငံ။
-ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် အရှေ့တောင်အာရှနိုင်ငံအားလုံးက စံနမူနာပြုငေးကြည့်နေရသောနိုင်ငံ။
-ကျန်းမာရေးအားဖြင့် တနိုင်ငံလုံး ဆေးရုံဆေးခန်းများတွင် အခမဲ့ဆေးကုသစောင့်ရှောက်မှု။
-ပညာရေးအားဖြင့် အာရှ၏ထိတ်တန်းနိုင်ငံ။
-လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရှိသော သတင်းစာနယ်ဇင်းခေတ်။

၁၉၆၂ မတ်လ (၂) ရက်။ ထိုလွတ်လပ်ရေး သစ်ပင်ပျိုသည် ရုတ်ခြည်း ခါးလယ်မှပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။ စစ်
အာဏာသိမ်းမှုဖြင့် အရပ်သား နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအားလုံး ဖမ်းဆီးချုပ်နှောင်
ခံခဲ့ရသည်။ နိုင်ငံသားတို့၏ လွတ်လပ်ရေး ရုတ်တရက်ဆုံးရှုံးခဲ့ကြရပြန်သည်။ ၁၉၆၂ မှယနေ့တိုင် စစ်အာဏာရှင်စနစ်၊
တပါတီအာဏာရှင်စနစ်၊ စစ်အာ ဏာရှင်စနစ်။အသွင်သဏ္ဌာန်ပြောင်း၊ လူအမျိုးမျိုး ပြောင်းခဲ့သော်လည်း အနှစ်သာရ
အားဖြင့် မပြောင်းလဲခဲ့ကြပေ။
ထိုအာဏာရှင်စနစ်သည်—
တိုင်းပြည်လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော လွတ်လပ်ရေး ကြေညာစာတမ်းနှင့်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို
စက္ကူစုတ်အဖြစ် ဆွဲဆုတ်ပစ်ခဲ့သည်။
-ပြည်သူကို ကိုယ်စားမပြုနိုင်သည့် လူတဦးတစုက ပြည်သူ့အာဏာကို အပိုင်သိမ်းယူထားသည့် အာဏာရှင်အစိုးရ။
-“တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ” အာဏာရှင်လူတစုအလိုကျ ထင်သလို အုပ်ချုပ်မှု၊တရားစီရင်မှု။
-နိုင်ငံစီးပွားရေးကို အာဏာရှင်တို့ ထင်သလို စီမံခန့်ခွဲမှု။
နှစ်ပေါင်း (၄၀) ကျော် အာဏာရှင်စန
စ်သည် အောက်ပါခါးသီးဖွယ် အနိဋ္ဌာရုံများကို
ပေါက်ဖွား စေခဲ့သည်။
(က) ငှက်ပျောသီးသည် ငှက်ပျောပင်ကို သတ်သကဲ့သို့၊ ၀ါးသီးသည် ၀ါးပင်ကိုသတ်သကဲ့သို့ လွတ်လပ်ရေးအတွက်
ပြည်သူက မွေးကျွေးခဲ့သော လက်နက်ကိုင်တပ်သည် မိဘပြည်သူကိုပြန်လည်ဖိနှိပ်အုပ်ချုပ်နေရခြင်းဖြင့်ပြည်သူ့လွတ်
လပ်ရေးကို ဖျက်ဆီးခဲ့သော တပ်ဘ၀ ရောက် ခဲ့ရသည်။
(ခ) ၁၉၆၀ ခုနှစ်ဝန်းကျင်က ဥပဒေမဲ့တောတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်သုံးလေးထောင်ခန့်သာရှိတော့ရာမှ ယခုအခါ
သုံးသောင်းလေးသောင်း။တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာခြင်းဖြင့်တိုင်းရင်းသားစည်း
လုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည်။
(ဂ) တိုင်းတပါးသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် လက်နက်မဲ့ တောသူတောင်သားတိုင်းရင်းသားများ သိန်းဂ
ဏန်းရှိနေပြီ။
(ဃ) နိုင်ငံရေးအားဖြင့် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံအများကဘေးဖယ်ဝိုင်းကျဉ်ခံနေရသည့် အာဏာရှင်တို့အုပ်စိုးခံသိ
က္ခာမဲ့နိုင်ငံအဖြစ်။
(င) စီးပွားရေးအားဖြင့် ဘဏ်တိုက်ရှိ ရွှေ၊ ငွေများ ကုန်ခန်းသွားပြီး နိုင်ငံတကာကြွေးမြီများဖြင့် နွံနစ်နေသည့် ကမ္ဘာ့
အဆင်းရဲဆုံးနိုင်ငံတခု၊ အရှေ့တောင်အာရှ၏ အောက်ဆုံးပိတ် နိုင်ငံတခု။
(စ) နိုင်ငံသားတို့ သုံးစွဲရန် အပ်၊ ဓား၊ အိုးခွက်ပန်းကန်မှအစ အ၀တ်အထည်၊လူသုံးကုန် ပစ္စည်းအလယ်၊ ယာဉ်ကား၊
ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သံထည်၊ ဘိလပ်မြေအဆုံး တိုင်းတပါးက တင်သွင်းနေရသောနိုင်ငံ။
(ဆ) စိုက်ပျိုးရေးအားဖြင့် နိုင်ငံတကာသို့ ဆန်တင်ပို့ရောင်းချနိုင်ခြင်းမရှိတော့ရုံမက မကြခဏ ဆန်စပါးသီးနှံ ရှားပါး
မှုပင် ကြုံတွေ့ခဲ့ရသောနိုင်ငံ။
(ဇ) သားစဉ်မြေးဆက် သုံးမကုန်နိုင်ဟု မှတ်ယူခဲ့သော သစ်တောများ၊ မြေပေါ်မြေအောက်ကျောက်မျက်ရတနာ သယံ
ဇာတများ ဆယ်စုနှစ် တခုနှစ်အတွင်းပင် ကုန်ခန်းပျောက်ကွယ် သွားစေခဲ့ပြီ။
(ဈ) ဆေးရုံ ဆေးခန်းများတွင် ဆေးမရှိတော့ရုံမက ဆေးဘက်ဝန်ထမ်းအများတို့သည်လူနာနှင့် ငွေရှာစားနေရသော
အသပြာဆေးဝန်ထမ်းများအဖြစ် ရောက်ခဲ့ရပြီ။
(ည) ကျောင်းများတွင်လည်း စာသင်ကြားရေးစနစ် ချွတ်ယွင်းပျက်စီးသွားရုံမကဆရာများသည် ကျောင်းသားနှင့် ငွေ
ရှာစားနေရသော အသပြာဆရာများဘ၀ ကျရောက်ခဲ့ရပြီ။
(ဋ) အဆိုးဆုံးအဖြစ် နိုင်ငံသားလူငယ်များ တိုင်းတပါးသို့ ကျွန်ခံသွားနေရပြီ။ယောက်ျားလူငယ် အများသည် သူတပါး
မလုပ်လိုသော အလုပ်ကို နည်းပါးသော အခကြေးငွေဖြင့် ကာယကျွန်အဖြစ် လုပ်နေရပြီးမိန်းကလေးငယ်အများ ကာ
မကျွန်ဘ၀ ရောက်နေကြရပြီ။
(ဌ) ပြည်သူတို့ လွတ်လပ်ရမည်ဟူသော နိုင်ငံရေးယုံကြည်ချက်ကြောင့်လက်နက်စွဲကိုင်ခြင်း မရှိသော ပြည်သူထောင်
ပေါင်းများစွာသည် အကျဉ်းထောင်များတွင်နှစ်ပေါင်း သောင်းကျော် ကျရောက်ခံခဲ့ကြရပြီ။
(ဍ) လွတ်လပ်ခြင်းကင်းစွာ အာဏာရှင်အလိုကျ ရေးသားဖော်ပြနေကြရသည့် သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်းများ။
(ဎ) တိုင်းပြည်အကျိုးမငဲ့ကွက်၊ ကိုယ်ကျိုးသက်သက်သာ ကြည့်တော့သည့် အခွင့်သာလျှင်ဘနဖူး သိုက်တူးဖို့ ၀န်မ
လေးတော့သည့် ကိုယ်ကျိုးစီးပွား လူပေါင်းများစွာ “အာဏာရှင်စနစ်နွံ” မှပေါက်ဖွားကြီးထွားစေခဲ့ပြီ။ပြည်သူလွတ်လပ်
ခြင်းမရှိလျှင် နိုင်ငံသည်လည်း လွတ်လပ်သော နိုင်ငံမဟုတ်တော့ပေ။တိုင်းပြည် လွတ်လပ်ရေး၊ ပြည်သူ့လွတ်လပ်ရေး
အတွက် ကိုယ်ကျိုးစွန့် အသက်ပေးလှူခဲ့ကြသူများ ခုအချိန်အသက်ရှိနေလျှင် သူတို့ ဘာလုပ်ကြမည်နည်း။ဘာပြောကြ
မည်နည်း။
တို့နိုင်ငံ ကြီးစွာသော နိုင်ငံရေးအမှား ဖြစ်ပွားခဲ့ပြီးပြီ။
*အဘိုးအဘွားတို့ ထားရစ်ခဲ့သည့် ခက်ခဲကြီးလေးသည့် သမိုင်းပေးဝန်ကို
မျှဝေထမ်းဆောင်ရန်…
*တို့ ညီငယ် ညီမငယ်များ လွတ်လပ်သောလေ ရှူရှိုက်နိုင်စေရန်…
*တို့သား၊ တို့သမီးများ လွပ်လပ်ရေး၏ အသီးအပွင့်များ ပြန်လည်ခံစားနိုင်စေရန်…
ယနေ့ခေတ်တွင် လူဖြစ်နေရသော ငါတို့သည် တိုင်းပြည်ငြိမ်းချမ်းရေး၊ပြည်သူ့လွတ်လပ်ရေးအတွက် အာဏာရှင်စနစ်
နှင့် ထိုစနစ် သက်ဆိုးရှည်စေရေး ဆောင်ရွက်ချက်များကို ငြင်းဆိုရန်မှတပါးအခြားရွေးရန် လမ်းမရှိ။ ။

Advertisements

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: